စည်းကမ်းချက်များ
နောက်ဆုံးပြင်ဆင်သည့်ရက် — ၁၆ နိုဝင်ဘာ ၂၀၂၆
လက်နှိပ်စက် ကို အသုံးပြုခြင်းဖြင့် အောက်ပါ စည်းကမ်းချက်များကို သဘောတူသည်ဟု မှတ်ယူပါသည်။ သဘောမတူပါက အသုံးမပြုပါနှင့်။
၁။ လက်နှိပ်စက် ဆိုသည်မှာ
လက်နှိပ်စက် သည် ဘရောက်ဇာထဲတွင် အသုံးပြုနိုင်သော လက်နှိပ်စက်ပုံစံ မှတ်စုရေး ကိရိယာ ဖြစ်သည်။ အကောင့်ဖွင့်ရန် မလိုပါ။
၂။ သင့်မှတ်စုများနှင့် ကိုယ်ရေးအချက်အလက်
- သင်ရိုက်သော မှတ်စုများနှင့် ချိန်ညှိချက်များကို သင့်စက်ရှိ ဘရောက်ဇာအတွင်း၌သာ သိမ်းဆည်းသည်။ ကျွန်ုပ်တို့ထံ ပေးပို့ခြင်း မရှိပါ။
- ဘရောက်ဇာဒေတာကို ရှင်းလင်းလျှင်၊ စက် သို့မဟုတ် ဘရောက်ဇာ ပြောင်းလျှင် မှတ်စုများ ပျောက်ဆုံးနိုင်သည်။ အရေးကြီးသော မှတ်စုများကို “ထုတ်ယူ” ဖြင့် အရန်သိမ်းထားပါ။
- ပျောက်ဆုံးသွားသော မှတ်စုများကို ကျွန်ုပ်တို့ ပြန်လည်ရယူပေးနိုင်ခြင်း မရှိပါ။
၃။ သင်ရေးသားသော အကြောင်းအရာ
သင်ရေးသားသမျှသည် သင့်ပိုင်ဆိုင်မှုဖြစ်ပြီး ၎င်းအတွက် တာဝန်မှာလည်း သင့်ထံတွင်သာ ရှိသည်။ ဥပဒေနှင့် မညီသော၊ အခြားသူကို ထိခိုက်နစ်နာစေသော ကိစ္စများအတွက် အသုံးမပြုရပါ။
၄။ ထုတ်ယူထားသော စာရွက်များ
- ပုံ သို့မဟုတ် PDF အဖြစ် ထုတ်ယူသော စာမျက်နှာတိုင်း၏ အောက်ခြေတွင် “လက်နှိပ်စက် ဖြင့်ပြုလုပ်သည်။ latnhitset.app” ဟူသော စာတန်း ပါဝင်သည်။
- ထုတ်ယူထားသော စာရွက်များကို ကိုယ်တိုင်သုံးနိုင်၊ မျှဝေနိုင်၊ ပုံနှိပ်နိုင်သည်။
၅။ ဖောင့်နှင့် ဒီဇိုင်း
လက်နှိပ်စက် အတွင်းရှိ ဖောင့်၊ ပုံများနှင့် ဒီဇိုင်းများသည် သက်ဆိုင်ရာ ဖန်တီးသူများ၏ မူပိုင်ဖြစ်သည်။ အောက်ပါတို့ကို မပြုလုပ်ရပါ —
- ဖောင့်ဖိုင်ကို ထုတ်ယူခြင်း၊ ဒေါင်းလုဒ်ဆွဲခြင်း၊ ကူးယူခြင်း။
- ဖောင့်ကို ပြန်လည်ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ အခြား app သို့မဟုတ် ကိရိယာများထဲ ထည့်သွင်းခြင်း။
- ဖောင့်ကို ပြင်ဆင်ခြင်း၊ AI လေ့ကျင့်ရန် အသုံးပြုခြင်း။
၆။ အာမခံချက်
လက်နှိပ်စက် ကို ရှိသည့်အတိုင်း ပေးအပ်ထားခြင်းဖြစ်သည်။ အမှားအယွင်း ကင်းစင်ကြောင်း၊ အမြဲအသုံးပြုနိုင်ကြောင်း အာမခံခြင်း မရှိပါ။ အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် တာဝန်ယူခြင်း မရှိပါ။
၇။ ပြောင်းလဲမှုများ
ဤစည်းကမ်းချက်များကို အခါအားလျော်စွာ ပြင်ဆင်နိုင်သည်။ ပြင်ဆင်ပါက ဤစာမျက်နှာရှိ ရက်စွဲကို ပြောင်းလဲဖော်ပြမည်။
အသိအမှတ်ပြုချက်
ကျေးဇူးတင်ပါသည်
- ဖောင့်
- PDA09 Burmese Typewriter Effect — နတ်ပန်းချီ
- နတ်ပန်းချီထံမှ ဝယ်ယူထားသော လိုင်စင်ဖြင့် အသုံးပြုထားသည်။ ဖောင့်၏ မူပိုင်ခွင့်သည် ဖန်တီးသူ အနုပညာရှင်ထံတွင်သာ ရှိသည်။
- အသံများ
- ခလုတ်သံ၊ ခေါင်းလောင်းသံ၊ စာရွက်ဆွဲသံများကို app အတွင်း၌ပင် ဖန်တီးထားသည်။ ပြင်ပ အသံဖိုင် မသုံးထားပါ။
- စက်ပုံနှင့် စာရွက်
- လက်နှိပ်စက်ပုံ၊ စာရွက်အသွင်နှင့် တံဆိပ်များကို ဤ app အတွက် သီးသန့် ရေးဆွဲထားသည်။